wrapper

Welcome to SME Development Agency

ဗဟိုဌာနအကြောင်း

ASEAN နိုင်ငံများအား တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်မားသော အချိုးညီညီ စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဆင်းရဲနွမ်းပါးမှုနှင့်စီးပွားရေး ကွာဟမှု နည်းပါးသော ဒေသကြီးဖြစ်လာစေမည့် မျှော်မှန်းချက်များဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်းက ASEAN Economic Community ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရန် ကြိုးပမ်းခဲ့ကြပါသည်။

          အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အလတ် စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို အာဆီယံနိုင်ငံများ အားလုံးက နားလည်သဘောပေါက်လက်ခံခဲ့ကြသည့်အတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်နိုင် ရေးအတွက် (SME) ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ညှိနှိုင်းပါဝင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ (SME) များ၏ ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့် တင်ဆောင်ရွက်ကြရန်၊ နည်းပညာနှင့်သတင်းအချက်အလက် များကို ကျယ်ပြန့်စွာ ဖြန့်ဝေ၍ ကောင်းမွန်သည့် အတွေ့အကြုံများကို မျှဝေဖလှယ်လက်ခံကြရန်၊ ၂၀၁၅ ခုနှစ် တွင် ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်း စီးဆင်း၍ တစ်ခုတည်းသော ဘုံဈေးကွက်ဖြစ်လာစေရန်နှင့် (အာဆီယံနိုင်ငံများ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများအားလုံးအတွက်  One Single  Web-based Portal  အဖြစ် တည်ထောင်ကာ အာဆီယံနိုင်ငံ များ အတွင်းရှိ SME များ အလွယ်တကူချိတ်ဆက်ဆောင်ရွက်လုပ်ကိုင်သွားကြရန်အတွက်) အာဆီယံအဖွဲ့ဝင်နိုင်ငံ များအားလုံးက တညီတညွှတ်တည်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

          ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း နိုင်ငံစီးပွားရေး၏ အဓိက အသက်သွေးကြောဖြစ်သော အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ပံ့ပိုးကူညီထောက်ပံ့အားပေးရေးကို တစိုက်မတ်မတ် ဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန် အတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

Incubation Center

အမှတ်(၅)၊ သလ္လာဝတီလမ်း၊ (၇) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-(၀၁)၆၆၀၀၄၁၊ ၆၅၅၇၀၆၊ ၆၆၅၈၁၀

Photo Gallery

နေပြည်တော်ရုံး

  • iconစက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ ရာဇဌာနီလမ်း၊ နေပြည်တော်
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၆၇-၄၀၈၁၂၈၊ ၀၆၇-၄၀၈၃၉၄ ၊ ၀၆၇-၄၀၈၃၉၅
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed

ရန်ကုန်ရုံး

  • icon၃၅ ဘီ/၁၅၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၁- ၅၅၉၂၃၉၊ ၈၆၀၃၈၂၆၊ ၈၆၀၃၈၂၇၊ ၅၄၆၀၅၁(ဖက်စ်)
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed