wrapper

Welcome to SME Development Agency

လုပ်ငန်းကော်မတီ

Category: Right menu

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်း (အမိန့် ကြော်ငြာစာ အမှတ်၊ ၁၁/၂ဝ၁၃)

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 နိုင်ငံတော်သမ္မတရုံး

 အမိန့် ကြော်ငြာစာ

 အမှတ်၊ ၁၁/၂ဝ၁၃

 ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်

 (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်)

 အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ

 ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးတိုးတက်မှုတို့ အတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ''အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ''နှင့် ''အသေးစားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ'' တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည် -
(က)    ဒုတိယ သမ္မတ (၂)    ဥက္ကဌ
(ခ)     ပြည်ထောင်စုဝန်ကြီး
သမ္မတ္တရုံးဝန်ကြီးဌာန(၅)    အဖွဲ့ဝင်
 (ဂ)     ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန    အဖွဲ့ဝင်
 (ဃ)     ပြည်ထောင်စုဝန်ကြီး
ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန    အဖွဲ့ဝင်
 (င)    ပြည်ထောင်စုဝန်ကြီး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    အဖွဲ့ဝင်
 (စ)    ပြည်ထောင်စုဝန်ကြီး
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာန    အဖွဲဝင်
 (ဆ)    ဒုတိယဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း
ဝန်ကြီးဌာန    အဖွဲ့ဝင်
 (ဇ)    ဒုတိယဝန်ကြီး
ဆက်သွယ်ရေးနှင့်သတင်း
အချက်အလက်နည်းပညာဝန်ကြီးဌာန    အဖွဲ့ဝင်
 (စျ)    ဒုတိယဝန်ကြီး
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန    အဖွဲ့ဝင်
 (ည)    ဒုတိယဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန    အဖွဲ့ဝင်
 (ဋ)    ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန    အဖွဲ့ဝင်
 (ဌ)    ဒုတိယဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန    အဖွဲ့ဝင်
 (ဍ)    ဒုတိယဥက္ကဌ
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်    အဖွဲ့ဝင်
 (ဎ)    ပြည်ထောင်စုဝန်ကြီး
စက်မှူဝန်ကြီးဌာန    အတွင်းရေးမှူး
 (ဏ)    ဒုတိယဝန်ကြီး
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှူဝန်ကြီးဌာန    တွဲဖက်အတွင်းရေးမှူး
(၄)    အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
     (က)    အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ  သတ်မှတ် ပြဋ္ဌာန်းနိုင်ရန် ပြုစု၍ ဗဟိုကော်မတီသို့တင်ပြရန်။
     (ခ)    အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင် ဆောင်ရွက်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များ စုဆောင်း သုံးသပ်တင်ပြရန်။
     (ဂ)    အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဟန့်အတား ဖြစ်နေသော ကိစ္စရပ်များအား ဖြေရှင်းပေးရန်။
     (ဃ)    စျေးကွက်များသို့ ကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ရေး စျေးကွက်ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်ရန်။
     (င)    ကျွမ်းကျင်လုပ်သားများ ပြည့်စုံလုံလောက်မှု ရှိစေရေး လေ့ကျင့်ပျိုးထောင်ရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန်။
     (စ)    ငွေကြေးအကူအညီ အထောက်အပံ့ ရရှိရေး၊  နည်းပညာ အကူအညီရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးရန်။
     (ဆ)    အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် အသေးစားငွေချေး လုပ်ငန်း ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရန်။
     (ဇ)    အသေးစား စီးပွားရေး လုပ်ငန်းအုပ်စုနှင့် အစုအဖွဲ့များ၊ အလတ်စားစီးပွားရေး လုပ်ငန်းအုပ်စုနှင့် အစု အဖွဲ့များအလိုက် လိုအပ်သည့် ဆပ်ကော်မတီနှင့် လုပ်ငန်းအလိုက် အစုအဖွဲ့များအား လိုအပ်သလို ထပ်မံဖွဲ့စည်း ဆောင်ရွက်ရန်။
                    

                                            (ပုံ)                 

                                                                          သိန်းစိန်              

                                                                      နိုင်ငံတော်သမ္မတ          

                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Incubation Center

အမှတ်(၅)၊ သလ္လာဝတီလမ်း၊ (၇) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-(၀၁)၆၆၀၀၄၁၊ ၆၅၅၇၀၆၊ ၆၆၅၈၁၀

Photo Gallery

နေပြည်တော်ရုံး

  • iconစက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ ရာဇဌာနီလမ်း၊ နေပြည်တော်
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၆၇-၄၀၈၁၂၈၊ ၀၆၇-၄၀၈၃၉၄ ၊ ၀၆၇-၄၀၈၃၉၅
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed

ရန်ကုန်ရုံး

  • icon၃၅ ဘီ/၁၅၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
  • iconThis email address is being protected from spambots. You need JavaScript enabled to view it.
    This email address is being protected from spambots. You need JavaScript enabled to view it.
  • icon၀၁- ၅၅၉၂၃၉၊ ၈၆၀၃၈၂၆၊ ၈၆၀၃၈၂၇၊ ၅၄၆၀၅၁(ဖက်စ်)
  • iconMonday - Friday: 9 : 30AM - 16PM
    Saturday - Sunday: Closed