“International Partnership Program and Strategy Development Training”

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးဌာနသည် ASEAN-Japan Integration Fund အထောက်အပံ့ဖြင့်ASIA SEED အဖွဲ့မှ ကြီးမှူး၍ “Implementation of Incubation Manager Training Program : Fostering Competitive SMEs in ASEAN by Promoting Business- Academia Networking through Entrepreneurship EducationProject”ကိုအာဆီယံနိုင်ငံများ တွင်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ၄င်းအစီအစဉ် အရမြန်မာနိုင်ငံမှ ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ ခုနှစ် များတွင်ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ “Basic Incubation Manager Training “ကို (၂၀.၄.၂၀၁၅)ရက်နေ့မှ(၂၄.၄.၂၀၁၅) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံမှ Incubation Manager FocalPersonများအဖြစ်SMEs Development Department မှ ဒုတိယညွှန်ကြားရေးမှူးများ တတ်ရောက်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံရှိ SMEs များအား ပံ့ပိုးကူညီပေးရန် ရည်ရွယ်လျက် Incubator Development Program Series ဆင့်ပွားသင်တန်းများအဖြစ်

(က) ပထမအကြိမ် Incubation Manager Training ကို (၁၉.၈.၂၀၁၅)မှ (၂၁.၈.၂၀၁၅) ရက်နေ့တွင်သင်တန်းသား (၆၀)ဦး ဖြင့်လည်းကောင်း

(ခ)     ဒုတိယအကြိမ် Strategic Development Trainingကို (၁၄.၉.၂၀၁၅)မှ (၁၈.၉.၂၀၁၅)ရက်နေ့တွင် သင်တန်းသား (၅၃)ဦးလည်းကောင်းကျင်းပခဲ့ပါသည်။

ယခု     တတိယအကြိမ်အဖြစ် International Partnership Training and Strategic Development Training ကို (၁၂.၁၀.၂၀၁၅) မှ (၁၆.၁၀.၂၀၁၅)ရက်နေ့တွင်ကျင်းပခြင်းဖြစ်ပြီး SMEs လုပ်ငန်းရှင်များ၊ လုပ်ငန်းစတင်သူများ၊ Entrepreneur များသည် မိမိတို့ လုပ်ငန်းများ တိုးတတ်ကောင်းမွန်စေရန် နှင့် နိုင်ငံခြားလုပ်ငန်းမိတ်ဖက်များကို ချိတ်ဆက်မိစေရန်ရည်ရွယ် ကျင်းပပေးခြင်းဖြစ်ပါသည်။

ယခုသင်တန်းတွင် ဂျပန်နိုင်ငံASIA SEED မှ ပညာရှင်များ၊ထိုင်း၊လာအို၊ဂျပန် နှင့် မလေးရှားနိုင်ငံ စသည့်အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှElectrical Wire, Interior Decoration and Furniture, Soap ,Candy and Jelly စသည့် လုပ်ငန်းနယ်ပယ်များမှSMEs များ နှင့် Trading ပြုလုပ်သူများလာရောက်ဆွေးနွေးပြီးသက်ဆိုင်ရာ မြန်မာSMEs လုပ်ငန်းရှင်းများနှင့်အတူ လုပ်ငန်းများ၏အားသာချက် အားနည်းချက်များကို အတူတကွ ချိတ်ဆက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား စုစုပေါင်း (၄၀)တတ်ရောက်ခဲ့ကြပါသည်။